မင်းဓမ္မရိပ်သာ ဆရာများအိမ်ရာ ၊ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်လှစ်
သူဇာလင်း
·
December 26, 2019
မင်းဓမ္မရိပ်သာ ဆရာများအိမ်ရာ ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနဲ့ သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က မနက်က ရန်ကုန်မြို့မှာ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပညာရေးဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေအတွက် နိုင်ငံတကာအဆင့်မီ အိမ်ခန်းပေါင်း ၁၁၀၄ ၊ ရေကူးကန်နဲ့ Gym ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေနဲ့ အများသုံး အဆောက်အအုံတွေပါဝင်ပါတယ်။
မင်းဓမ္မဥယျာဉ်မြို့ အိမ်ရာစီမံကိန်းကို ပညာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဦးဆောင်ပြီး ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Myanmar Imperial Vega ကုမ္ပဏီကို အပ်နှံ ဆောက်လုပ်စေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆောက်လုပ်နေဆဲ အိမ်ခန်းပေါင်း ၁၂၀၀ ကျော်ကိုလည်း ၂၀၂၀ မှာ အပြီးဆောက်လုပ်ပြီး အပ်နှံသွားမယ်လို့ သိရပါတယ်။