ထီးချိုင့်မြို့အနီး မြေငလျင်လှုပ်
DVB
·
December 25, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နားမှာ ဒီနေ့ နေ့လယ်ပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်ငယ်ရှိ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ် ၁ နာရီ ၁၃ မိနစ်ကျော်က ကသာမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၃၉ မိုင်လောက်အကွာ၊ ထီးချိုင့်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက်ကို ဗဟိုပြုပြီး ငလျင်လှုပ်သွားတယ်လို့ ဆိုပါတယ်။
မနေ့ည ၁၀ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ခန္တီးမြို့နားမှာ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။