အာဖဂန်ရွေးကောက်ပွဲရလဒ် အဗဒူလာ လက်မခံ ပယ်ချ

Photo : REUTERS
အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး  သမ္မတ အရှက်ဖ်ဂါနီရဲ့ အဓိက ပြိုင်ဘက် အဗဒူလာက ပယ်ချလိုက်ပြီး  လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အာဖန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ကတည်းက ကျင်းပခဲ့တာဖြစ်ပေမယ့် နိုင်ငံထဲမှာ နိုင်ငံရေး အကျပ်အတည်းဆိုက်နေတဲ့အပြင် မဲ လိမ်လည်မှု စွဲချက်တွေ ထူပြောနေလို့ နှောင့်နှေးနေတဲ့ ကနဦး မဲရလဒ်တွေကို ဒီဇင်ဘာ ၂၂ ရက်ကမှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်  ၁ ဒသမ ၈ သန်းကျော် မဲပေးခဲ့ပြီး သမ္မတဂါနီက မဲ ၅၀ ဒသမ ၆၄ ရာခိုင်နှုန်းနဲ့ နှာတဖြား အသာစီးရခဲ့တယ်လို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒီရလဒ်ဟာ အဓိကပြိုင်ဘက် အဗဒူလာကို အနိုင်ရဖို့ လုံလောက်တဲ့ ပထမကျော့ မဲပေးမှုလည်း ဖြစ်ပါတယ်။ အရင်လက ရွေးကောက်ပွဲကော်မရှင်ဟာ မတူကွဲပြားမှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်ကြောင့် ထောင်နဲ့ချီတဲ့ မဲတွေကို ပြန်ရေတွက်ခဲ့ရပါတယ်။ မဲပြန်ရေတွက်တာကို အဗဒူလာဘက်က လူတွေက ပယ်ချပြီး ဂါနီ အနိုင်ရဖို့ မဲတွေပိုထည့်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။ ကော်မရှင်ကလည်း စွဲချက်တွေကို ငြင်းပါတယ်။ အရင်အပတ်ကမှ မဲပြန်ရေတာကို အဗဒူလာက ခွင့်ပြုပြီး အလိမ်အညာ ရလဒ်တွေကို လက်ခံမှာ မဟုတ်ဘူးလို့  သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up