ဟောင်ကောင်ရုပ်ရှင် Ip Man 4: The Finale ရုံတင်မည်(ရုပ်ရှင်နမူနာ)

       နာမည်ကြီးဟောင်ကောင် IP Man ရုပ်ရှင်စီးရီးစ်တွေရဲ့ ၄ ကားမြောက်ရုပ်ရှင် အနေနဲ့ ထွက်ရှိလာတဲ့ Ip Man 4: The Finale ကို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။        ဒီကားကိုတော့ အရင်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်ဒါရိုက်တာ Wilson Yip က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဟောင်ကောင် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Pegasus Motion Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။        ဒီတခါမှာတော့ Ip Man နဲ့ သားဖြစ်သူတို့ဟာ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ဖို့ San Francisco, United States က Bruce Lee ဖွင့်ထားတဲ့ Wing Chun ကျောင်းကို ရောက်လာပြီးတဲ့နောက်မှာ လူမျိုးရေး အသားအရောင်ခွဲခြားခံရမှု တွေ၊ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြရတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့နာမည်ကြီးဟောင်ကောင်စတန့်သရုပ်ဆောင်မင်းသား Donnie Yen ၊ Wu Yue နဲ့ Scott Adkins တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၅၂ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 အထိ ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။        ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up