Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ကျောင်းသားအသတ်ခံရမှု တရားခံကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်
Aung Aung Naing
·
December 23, 2019
81275171_450623602494803_8190052727057809408_n
81244015_450623922494771_3165493173208219648_n
80553730_450623409161489_8614445695480365056_n
80380651_450623319161498_6293922084322017280_n
80119701_450624345828062_2137751810453012480_n
80053891_450623519161478_5749148935008550912_n
79767809_450623849161445_1574339409313005568_n
မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသားတဦး ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကျူးလွန်သူတရားခံတယောက်ကို မန္တလေးခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် နှစ် ၃၀ အမိန့်ချမှတ်လိုက်ပါတယ်။ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်နားက တောင်သမန်အင်း ကန်ပတ်လမ်းတာရိုးပေါ်မှာ အသက် ၂၂ နှစ်အရွယ် ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်းဟာ ၂၀၁၈  ဒီဇင်ဘာ ၂၅ ရက်က လုယက် သတ်ဖြတ်ခံခဲ့ရတာပါ။ အဆိုပါလုယက်သတ်ဖြတ်မှုမှာ ကျူးလွန်သူ ၃ ယောက်ရှိခဲ့ပေမယ့် အဲဒီထဲက နေထက်ရှိုင်း တဦးတည်းကိုသာ ၂၀၁၉ မတ်လက ဖမ်းဆီးရမိခဲ့ပြီး ကျန်သူတွေက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။  ဒီကနေ့ တရားခွင်မှာတော့ မန္တလေးခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူနေထက်ရှိုင်းကို  လုယက်မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့အတူ လူသတ်မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ တို့ကို သီးခြားကျခံဖို့ အမိန့်ချခဲ့တာဖြစ်တယ်လို့ မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောပါတယ်။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တွဲဘက်အတွင်းရေးမှူး ကိုမျိုးချစ်ဇော်က “ဒီနေ့ဖြစ်စဉ်က တော်တော်လေးကို မိုက်ရိုင်းတယ်လို့ပြောချင်ပါတယ်။ တရားရုံးအနေနဲ့ သေဆုံးသူ မိဘတွေနဲ့ တရားလိုဖြစ်တဲ့ ခိုင်ဇင်ဝေနှင်းတို့မရောက်ခင် အမိန့်ချလိုက်တယ်ဗျာ။ ကျနော်တို့ ကျောင်းသားတွေအနေနဲ့လည်း ကိုယ့်ကျောင်းက ကိုယ့်ရဲဘော်ကို သတ်တဲ့တရားခံကို မမြင်လိုက်ရဘူး။ ဒီလိုဖြစ်စဉ်မျိုးတွေ မရှိသင့်ဘူး”လို့  ပြောပါတယ်။ ကနဦးထွက်ဆိုချက်မှာ ကျူးလွန်သူ ၄ ယောက်ရှိခဲ့ပေမယ့် ဖမ်းဆီးရမိတဲ့ နေထက်ရှိုင်းအနေနဲ့ တရားရုံးတော်မှဦထွက်ဆိုရာမှာ ကျူးလွန်သူ ၃ ယောက်ပဲရှိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့ ကျူးလွန်သူ ၂ ယောက်ကိုတော့ တရားခံပြေးအဖြစ် သတ်မှတ်ထား ပါတယ်။ ဒီနေ့ အမိန့်ချချိန်မှာ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကဦးဆောင်ပြီး ကျောင်းသား ကျောင်းသူ ၅၀ ကျော် တရားရုံးကို လာရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024