Home
မြန်မာသတင်း
ကျိုက်မရောမြို့နယ်တွင် မီးလောင်မှုကြောင့် လေဖြတ်ရောဂါသည် ၁ ဦး သေဆုံး
DVB
·
December 23, 2019
80970626_831365640637106_1780611488650625024_n
80970015_831477437292593_371587685548032000_n
80808525_831477363959267_2180868368662265856_n
80772913_831477397292597_4664223780673945600_n
80559945_831477107292626_5479803341078790144_n
80495428_831477530625917_3855015151417688064_n
80043167_831477487292588_6831727615565365248_n
79899531_831477277292609_5511910790006833152_n
79820679_831477703959233_7508867757111246848_n
79511776_831477797292557_392682314343120896_n
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာမှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲလောက်က  မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မောင်နီက ဒီဗွီဘီကို ပြောပါတယ်။  မီးလောင်မှုကြောင့် လေဖြတ်ရောဂါ ခံစားနေရတဲ့ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး မီးထဲပါသွားခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံအရောက်မှာ သေဆုံးခဲ့တာပါ။ နေအိမ်ရှိ လျှပ်စစ်မီးဖို အပူလွန်ကဲရာကနေ မီးလောင်မှု စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှု ဖြစ်စဉ်ကြောင့် လူပေါင်း  ၈၀ နီးပါး မီးဘေးသင့်ခဲ့ရပါတယ်။ လက်ရှိမှာတော့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် တလုံးစီအတွက်  ငွေကျပ် ၂ သိန်းစီ ထောက်ပံ့ကူညီ ပေးထားတယ်လို့ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။ အခုမီးလောင်မှုကြောင့် ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၃၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024