ဦးလွင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
ချမ်းမြေ့မောင်
·
December 23, 2019
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အခမ််းအနားကို ရန်ကုန်တိုင်း သုံးခွမြို့မှာ ဒီကနေ့ ကျင်းပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
“အန်ကယ်ဦးလွင်ဟာဆိုရင် နိုင်ငံအပေါ်နဲ့ ပါတီအပေါ်မှာ ကျရာနေရာကနေ တာဝန်ကို သစ္စာရှိရှိနဲ့ ခေါင်းမရှောင်ဘဲ ထမ်းဆောင်ခဲ့သူဖြစ်သလို စိတ်ဓာတ်အရာမှာလည်း အလွန် ကောင်းမွန်သူ ဖြစ်တဲ့အတွက် နောင်လူတွေအနေနဲ့ ဦးလွင်ရဲ့စိတ်ဓါတ်ကို လေးစားအတုယူဖို့ လိုတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။