သွေးရောဂါနှင့် ကင်ဆာရောဂါသည် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲကျင်းပ
DVB
·
December 20, 2019
ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်) သွေးရောဂါနဲ့ ကင်ဆာရောဂါဌာနမှာ ကလေးငယ်တွေရဲ့ (၁၆)ကြိမ်မြောက် နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ရက်က ပြု လုပ်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသွေးရောဂါနဲ့ ကင်ဆာကုသဌာန နှစ်ခုသာရှိပါတယ်။ တနှစ်ကို ကလေးကင်ဆာလူနာစုစုပေါင်း ၁၈၀၀ နဲ့ ၂၀၀၀ ကြား ရှိနိုင်ပြီး ၂၀၁၈ ခု နှစ်မှာတော့ ကင်ဆာဌာန နှစ်ခုမှာ ကလေးလူနာပေါင်း ၆၀၀ ဦး လာရောက်ကုသနေကြတယ်လို့ သိရပါတယ်။
ပါမောက္ခဒေါက်တာအေးအေးခိုင်က “ရန်ကုန်နဲ့ မန္တလေးမှာ ကလေးကင်ဆာ ကုသပေးနေတဲ့ နေရာရှိတယ်ဆိုတာ မြန်မာတနိုင်ငံလုံးကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ” လို့ ပြော ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲမှာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ကလေးငယ်တွေအပြင် ပြင်ပက ကလေးငယ်တွေလည်း ပါဝင်ပါတယ်။
ကလေးတွေအတွက် ကံစမ်းမဲဖောက်ပေးတာတွေ၊ ဂိမ်းကစားနည်းတွေ၊ သီဆို ဖျော်ဖြေ ပွဲတွေပါဝင်ပြီး နိုင်ငံကျော် အနုပညာရှင်တွေလည်း လာရောက်ပါဝင်ဖျော်ဖြေပေးခဲ့ကြပါတယ်။
ရောဂါဖြစ်ပြီး လာရောက်ကုသနေတဲ့ ကလေးတွေအတွက် ကင်ဆာဆေးတွေကို နိုင်ငံတော်က ၇၀ ရာခိုင်နှုန်း အကုန်အကျခံပေးနေပြီး ကျန်တာအတွက် ပြည်တွင်းပြည်ပ အလှူ ရှင်တွေက ကူညီထောက်ပံ့ပေးနေပါတယ်။
နူးရာ