ARSA အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့သည့် နံ့သာတောင်ကျေးရွာကို ပြန်လည်နေရာချထား
DVB
·
December 19, 2019
၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ်အတွင်း ARSA အကြမ်းဖက်အဖွဲရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နံ့သာတောင်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ပြန်လည်နေရာချထားပေးခဲ့ပါတယ်။
နံ့သာတောင်ကျေးရွာ ဆရာတော် ဦးစာရဏက "ဆရာတော်တို့ နံ့သာကျေးရွာ မနေ့ကစပြီး ပြန်လည်နေရာချပေးနိုင်ခဲ့ပါပြီ။ ရွာသူ/ရွာသားအားလုံးနီပါးလောက်တော့ ပြန်လာကြပါတယ်။ ကျေးရွာမှာ လိုအပ်နေတာကတော့ နံ့သာတောင်ကျေးရွာနဲ့ သာယာကုန်းကျေးရွာကြားလမ်း တခု အမြန်ပြီးစီးဖို့ လိုအပ်နေပါတယ်။ ဒီနှစ်မှာ လုပ်မယ်လို့သိတယ်။ လုံခြုံရေးအနေအထား ကတော့ ကောင်းပါတယ်။ နောက်ကျေးရွာနေအိမ်တွေအကြား လမ်းတခုလိုအပ်နေပါသေးတယ်"လို့ မိန့်ပါတယ်။
နံ့သာတောင်ကျေးရွာရှိ နေအိမ် ၄၂ အိမ်ကို အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းထားတာ ဖြစ်ပါတယ်။ နံ့သာတောင်ကျေးရွာမှာ အရင်က အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ ၂၅၀ လောက် နေထိုင်ခဲ့ပေမယ့် လက်ရှိ အိမ်ခြေ ၃၇ အိမ် လူဦးရေ ၁၄၇ ဦးသာ နေရာချထားပေးနိုင်ခဲ့သေးကြောင်းသိရပါတယ်။
ကောင်းကောင်း