ဆီးရီးယား အစိုးရနှင့် ရုရှား လေကြောင်းတိုက်ခိုက်မှုကြောင့်  လူ ၁၇ ဦး သေဆုံး

[İzzeddin İdilbi/Anadolu Agency]
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း သူပုန်ထိန်းချုပ်ရာဒေသမှာ ဒီဇင်ဘာလ ၁၇ ရက်က ဆီးရီးယားအစိုးရနဲ့ ရုရှား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ မျက်မြင်တွေနဲ့ ကယ်ဆယ်သမားတွေက ပြောပါတယ်။   လေကြောင်းတိုက်ခိုက်မှုဟာ မားဇရန်ကျေးလက်မြို့က ဈေးကြီးတခုကို ထိမှန်ခဲ့ပြီး ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောခဲ့ပါတယ်။ ဘတ်ဒါမာမြို့မှာလည်း နောက်ထပ် အရပ်သား ၆ ယောက် အသက်ဆုံးခဲ့ရသလို နောက် ၅ ယောက်ကတော့ အစ်ဒလစ်ပြည်နယ် အရှေ့တောင်ပိုင်းက တယ်မန်နက်စ်မြို့အနီးမှာ သေဆုံးတာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယား ပြည်တွင်းစစ် ၈ နှစ်ခွဲအကြာမှာတော့ အစ်ဒလစ်ပြည်နယ် အပါအဝင်  နိုင်ငံအနောက်မြောက်ပိုင်းဟာ သူပုန်တွေလက်ထဲ ကျန်နေသေးတဲ့ နယ်မြေ ဖြစ်ပါတယ်။   အဲဒီဒေသတွေမှာ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ် ရုရှားတို့ စစ်ဆင်ရေးလုပ်နေတဲ့သတင်းကို  ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက မထုတ်ပြန်ခဲ့ဖူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။ ဓာတ်ပုံ- Middle East Monitor (Anadolu Agency)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up