ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မောင်တောဒေသက ရခိုင်လူငယ်များ တောင်းဆို
DVB
·
December 16, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒေသခံရခိုင်လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး မြို့တွင်း လှည့်လည်အမှိုက်ကောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု အလိုရှိတဲ့အကြောင်း တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က ကျရောက်တဲ့ ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အနောက်တံခါးရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုမောင်လှကျော်က ပြောပါတယ်။
“ကျနော်တို့ တောင်းဆိုချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ တရားမျှမှု လိုချင်ပါတယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မတရား သေကျေ ပျက်စီးသွားရတဲ့သူတွေနဲ့ မတရားညှဉ်းပန်းနှိပ်စက် ဖမ်းဆီးချုပ်နှောင်ထားသူတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက တာဝန်ခံမှု တာဝန်ယူမှု ရှိစေချင်ပါတယ်။”
ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နဲ့ အနောက်တံခါးရခိုင်လူငယ်အဖွဲ့တို့ ပူးပေါင်းကာ လူငယ် ၃၀ ကျော်က မောင်တောမြို့တပတ် အမှိုက်ကောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလမှာ အေအေနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး စွပ်စွဲ တရားစွဲဆိုခံရသူ ပေါင်း ၅၀၀ ကျော်အထိ ရှိနေပါတယ်။
ကောင်းကောင်း