Xbox Series X ဂိမ်းစက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပွဲထုတ်ပြသ

Photo : Via @majornelson
2.1K
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်က လုပ်တဲ့ ဂိမ်းဆု ပေးပွဲမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက Xbox Series X ဂိမ်းစက်ကို ပွဲထုတ်ပြသခဲ့ပါတယ်။
အဲဒီဂိမ်းစက်အသစ်ကို ၂၀၂၀ ဆောင်းကာလမှာ ဈေးကွက်တင်သွားမယ်လို့ Xbox အကြီးအကဲ ဖီလ်စပင်ဆာက ကြေညာခဲ့ပါတယ်။
အဲဒီပွဲမှာ ဗွီဒီယိုဂိမ်းလုပ်ငန်း Xbox ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ ဂိမ်းစက်နဲ့အတူ ‘Senua's Saga: Hellblade II’ (ဆန်နဝါ ဆာဂါ ဟဲဘလိတ်- ၂) ဂိမ်းဗွီဒီယိုကိုလည်း ပြသခဲ့ပါတယ်။
အဲဒီဂိမ်းဟာ Xbox Series X စွမ်းအားကို အပြည့်အ၀ အသုံးချဖို့ ကြိုးပမ်းထားပါတယ်။ ဂိမ်းကို Ninja Theory ဆိုတဲ့ ဂိမ်းတီထွင်သူအဖွဲ့က ‘Hellblade: Senua's Sacrifice’ (ဟဲဘလိတ် ဆန်နဝါ စက်ခရီဖိုင်း) နောက်ဆက်တွဲအဖြစ် ဖန်တီးခဲ့တာပါ။
မိုက်ခရိုဆော့ဖ်ရဲ့ အဆိုအရ Xbox Series X ဂိမ်းသစ်ဟာ အလျားလိုက်နဲ့ ထောင်လိုက်မြင်ကွင်းကို ပေးစွမ်းပြီး စွမ်းဆောင်ရည်၊ အမြန်နှုန်းနဲ့ အံဝင်ခွင်ကျမှုအပိုင်းမှာ အဆင့်သစ်တခုကို တက်လှမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။