ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ မလှိုင်မြို့က ပြည်သူ ၁ သောင်းကျော် တက်ရောက်
DVB
·
December 14, 2019
နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တရားရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထီးဆောင်းကြီးဘုရား အနောက်ဘက်ကွင်းပြင်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေက ကျင်းပခဲ့ပြီး ပြည်သူ ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။
မလှိုင်မြို့နယ် အားကစားကွင်းမှ ထီးဆောင်းဘုရားကြီး ကွင်းပြင်ကို ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ သွေးသစ္စာသီချင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှာက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံ သဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံးမှာ တရားရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ထောက်ခံပွဲပြုလုပ်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။