Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ မလှိုင်မြို့က ပြည်သူ ၁ သောင်းကျော် တက်ရောက်
DVB
·
December 14, 2019
MaHlaing DASSK with stand 4
MaHlaing DASSK with stand 3
MaHlaing DASSK with stand 03
MaHlaing DASSK with stand 2
MaHlaing DASSK with stand 02
MaHlaing DASSK with stand 01
MaHlaing DASSK with stand 1
နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တရားရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထီးဆောင်းကြီးဘုရား အနောက်ဘက်ကွင်းပြင်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေက ကျင်းပခဲ့ပြီး ပြည်သူ ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ မလှိုင်မြို့နယ် အားကစားကွင်းမှ ထီးဆောင်းဘုရားကြီး ကွင်းပြင်ကို ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ သွေးသစ္စာသီချင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှာက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။  နယ်သာလန်နိုင်ငံ သဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံးမှာ တရားရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ထောက်ခံပွဲပြုလုပ်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024