Home
မြန်မာသတင်း
ဟုမ္မလင်းမြို့တွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများ စုပေါင်းဆန္ဒပြ
Aung Aung Naing
·
December 13, 2019
အလုပ်သမားရုံး သိမ်းယူခဲ့မှုကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ တောင်သူလယ်သမားတွေနဲ့ အလုပ်သမားတွေ စုပေါင်းပြီး အင်အား ၂၀၀ ကျော်နဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲ ဦဆောင်သူတဦးဖြစ်တဲ့ မဇာဇာက “ကျမတို့ရဲ့ အလုပ်သမားရုံးကို မတရားသိမ်းယူခဲ့တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်။ ကျမတို့အလုပ်သမားရုံးကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ ပါတီတခုရဲ့အမည်နဲ့ ထုတ်ပေးထားတဲ့ဂရမ်ကို ပိတ်သိမ်းပြီး အလုပ်သမားများကို ပြန်လည်ပေးရန် ဆုံးဖြတ်ခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက လိုက်နာမူမရှိဘဲ ဆောင်ရွက်ခဲ့တာကြောင့် အခုလိုဆန္ဒထုတ်ဖော်ရတာ” လို့ ပြောပါတယ်။ မြို့မကုန်တင်ကုန်ချအလုပ်သမရုံးဟာ ၁၉၉၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တဲ့ ရုံးဖြစ်ပြီး တိုင်းရင်းသားစည်းခုံးညီညွတ်ရေးပါတီက ၁၉၉၃ ခုနှစ်မှာ ဂရမ်အမည်ပေါက် လွှဲပြောင်းရယူသွား တဲ့အတွက် ကက်ဘိနက်အစည်းအဝေးအပြီး အလုပ်သမားရုံးဟာ အလုပ်သမားများ ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ မှန်ပင်၊ ပနွှဲ့၊ မှန်ပင်ကျွန်း၊ ထုံမာတဲ၊ လိူင်မဆန် စတဲ့ကျေးရွာတွေက တောင်သူလယ်သမားတွေနဲ့ မြို့မ ကုန်တင်ကုန်ချ အလုပ်သမားတွေက အချက် ၁၁ ချက်ကို တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အထွေထွေအုပ်ချုပ်ရေးမူးဦးစီးဌာနက အမိန့်စာကိုရုပ်သိမ်းပေးရေး၊ တိုင်းအစိုးရဲ့ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ရေး၊ အများပြည်သူနဲ့ဆိုင်သော အလုပ်သမားရုံး ပြန်ရရှိရေး၊ စာချုပ်စာတန်းများ ကူးယူခွင့်ရရှိရေး၊ ပုံစံ ၇ များ အများဆုံး ထုတ်ပေးရေး၊ မြေနုကျွန်းများ စိုက်ပျိုးချိန်အမီခွဲဝေပေးရေး၊ လယ်ယာမြေအငြင်းပွားမူများကို အမြန်ဆုံးဖြေရှင်းပေးရေး၊ မြေစာရင်းဌာန အဂတိလိုက်စားမူများဖော်ထုတ်အရေးယူပေးရေး၊ တန်းတူညီမျှ အခွင့်အရေးရှိရေး၊ အဂတိလိုက်စားမူများ အလိုမရှိ၊ ပုံစံ ၇ ထုတ်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမူကော်မတီထံ ဒီဗွီဘီက သွားရောက်မေးမြန်း ဖြေကြားဖို့ငြင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024