ကရင်နီလူငယ် ၅ ဦး လွတ်မြောက်
နော်နိုရင်း
·
December 13, 2019
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲက ကျန်ရှိနေတဲ့ ၅ ဦး ဒီကနေ့ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာပါတယ်။
ဒီ မနက် ၈ နာရီလောက်က လွှိုင်ကော်ထောင်ကနေ ပြန်လည်လွတ်လာတာဖြစ်ပြီး ပြန်လွတ်လာသူတွေကတော့ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ကိုစစ်မုန်း(ခ) ဒီးဒီတို့ဖြစ်ပါတယ်။
ကရင်နီလူငယ် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုဟာ နည်းတယ်ဆိုပြီး ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရကိုယ်စား တရားလို ဦးသက်နောင်က နိုဝင်ဘာ ၂၂ နေ့မှာ လွိုင်ကော်ခရိုင်တရားရုံးမှာ အမှုပြင်ဆင်ချက် တက်ထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၆ ရက်နေ့က ဒီပြင်ချက်နဲ့ပတ်သက်ပြီး လွိုင်ကော်ခရိုင်တရားရုံးမှာ ကြားနာရာမှာ ပြင်ဆင်ချက်ဝင်ခဲ့သူတွေဘက်က အမှုပြင်ဆင်ချက်ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။
ဒါကြောင့် ဒီပြင်ဆင်ချက်ရုပ်သိမ်းဖို့ နှစ်ဖက်လျှောက်လဲချက်ကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပါတယ်။