ညောင်ဦးတွင် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲပြုလုပ်၊ လူအင်အား ၂၀၀၀၀ ကျော် ပါဝင်
DVB
·
December 12, 2019
နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးတဲ့အနေနဲ့ ညောင်ဦးမြို့နယ်အတွင်းက ဒေသခံအင်အား ၂၀၀၀၀ ကျော် ချီတက်ခဲ့ကြပါတယ်။
ထောက်ခံပွဲကို ညောင်ဦးမြို့၊ ဆုတောင်းပြည့် ကဇာတ်ရုံကွင်းကနေ ရွှေစည်းခုံ ဘုရားပွဲကွင်း အထိ မြို့တွင်းလမ်းမကြီးအတိုင်း ရဟန်းရှင်လူ အင်အား ၂၀၀၀၀ ကျော်နဲ့ချီတက်ခဲ့ကြတာဖြစ်ပြီး “we stand with Daw Aung San Suu Kyi” (ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ)စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ကာ အမေစု- အောင်မြင်ပါစေ၊(ICJ) နိုင်ရမည်လို့ ကြွေးကြော် ချီတက်ခဲ့ကြတာပါ။
ဂမ်ဘီယာနိုင်ငံက ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပြီး ICJ တရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ နှစ်ဘက် လျှောက်လဲချက် တင်သွင်းနေတာ ဖြစ်ပါတယ်။
ကိုလင်း(ချောက်)