ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ဝမ်းတွင်းတွင်ကျင်းပ၊ လူဦးရေ ၁ သောင်းကျော်ပါဝင်
DVB
·
December 12, 2019
အိုင်စီဂျေမှာ တရားရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်အားကစားကွင်းမှာ ဒီနေ့ ကျင်းပခဲ့ပြီး ပြည်သူ ၁သောင်းကျော် ပါဝင်ခဲ့ကြပါတယ်။
အမေစုထောက်ခံပွဲဦးဆောင်သူ ဦးတူးက "နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံရဲ့ အကျိုးအတွက် တရားရင်ဆိုင်နေတဲ့ အမေဒေါ်အောင်ဆန်းစုကြည် နဲ့ အတူတူရှိနေကြောင်း အမေစုရဲ့ ဆောင်ရွက်ချက်တွေကို တသားတည်းထောက်ခံကြောင်း ပြသတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။
တက်ရောက်လာတဲ့ဒေသခံ ကိုဆန်းဝင်းက "နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တာဝန်ခံမှု တာဝန်ယူမှုနဲ့ တရားရင်ဆိုင်နေတဲ့ အမေစုနဲ့ အတူတူရပ်တည်နေကြာင်း ပြသတဲ့အနေနဲ့ အခုကျင်းပတဲ့ ထောက်ခံပွဲကို တက်ရောက်လာတာပါ" လို့ ပြောပါတယ်။
We stand with mother Su၊ We stand with our leader၊ We stand with Aung San Su Kyi. စတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ပြီး အမေစု ကျန်းမာပါစေ၊ အမေစု ချမ်းသားပါစေ၊ အမေစုအောင်မြင်ပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့ ထောက်ခံခဲ့ကြပါတယ်။
သွေးသစ္စာသီချင်းစာရွက် ဖြန့်ဝေပြီး သံပြိုင်သီဆိုကာ အခမ်းအနားကို ပြီးဆုံးခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း