DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါတေးသံရှင် ချမ်းမြေ့မောင်ချို တကိုယ်တော် အယ်လ်ဘမ်ထွက်မည်
DVB
·
December 12, 2019
မြန်မာအိုင်ဒေါတေးသံရှင် ချမ်းမြေ့မောင်ချို တကိုယ်တော် အယ်လ်ဘမ်ထွက်မည်
Donate to DVB

မြန်မာအိုင်ဒေါ တေးသံရှင်တဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ကို လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သူပါ။

ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်း မြေ့မောင်ချိုတို့ကို အပြိုင်အဆိုင် အားပေးကြတဲ့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင် ပွဲတခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ချမ်းမြေ့မောင်ချိုဟာ ‘အိပ်မက်’အမည်ရတဲ့ ဆင်ဂယ် သီချင်း တပုဒ်ထွက်ရှိထားခဲ့ကာ ပရိသတ်တွေ လက်ခံအားပေးမှုတွေ ရရှိထားခဲ့တာပါ။

လတ်တလောမှာတော့ ‘Eleven’ လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်သစ်ကို ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး သီချင်းတွေနဲ့ သီဆိုဖျော် ဖြေဖို့ ရှိနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာတော့ ချမ်းမြေ့မောင်ချိုက ခုလို ရေးသားပြီး ပရိသတ်တွေကို ဖိတ်ခေါ်ထားခဲ့တာကို တွေ့ရပါတယ်။

“အကုန်လုံးနဲ့တွေ့ချင်ပါတယ်နော်။ လမ်းကြုံရင်လဲဝင်ခဲ့ပါဦးလို့။ 22nd နေ့နော်။ မ မေ့နဲ့နော် ဟီး မျှော်နေမယ်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013