ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံဆုတောင်းပွဲ မင်းကင်းမြို့တွင် ကျင်းပ
DVB
·
December 12, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပွဲနဲ့ ဆုတောင်းပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
ထောက်ခံပွဲကိုတော့ မနက် ၈ နာရီမှာ ကမ်းနား ဖောင်တော်ဦးလမ်းထိပ်မှာပြုလုပ်ခဲ့ကြပြီး အဲဒီနောက် ဆုတောင်းပြည့်ဘုရားမှာ မြန်မာနိုင်ငံကို ဘေးအန္တရာယ်အမျိုးမျိုး မကျရောက်စေဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ဒီနေ့အထိ ကြာနာမှု ပြုလုပ်နေတာပါ။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ဖြေရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ ထောက်ခံပွဲတွေကို ပြည်နယ်နဲ့တိုင်း နေရာအများအပြားမှာ ပြုလုပ်နေပါတယ်။
ဌေးလှိုင်