Home
သတင်းဓာတ်ပုံ
မွန်တရားလွှတ်တော် တရားသူကြီး ရေးမြို့မရဲစခန်းကို သွားရောက်စစ်ဆေး (ဓာတ်ပုံ)
DVB
·
December 12, 2019
79472410_267872407507100_7701798272163119104_n
79373101_267872380840436_3551729815381868544_n
79200614_267872270840447_3183978729630072832_n
79192829_267872507507090_8618705581483491328_n
75486029_267872454173762_6255313257498673152_n
မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးညီညီစိုးနဲ့ အဖွဲ့ဝင်တွေက ရေးမြို့မ ရဲစခန်းအချုပ်ခန်းကို ဒီနေ့မနက်က သွားရောက်ခဲ့ပြီး အချုပ်ကျနေသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အချုပ်တရားခံတွေရဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနဲ့ အမှုရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေနဲ့အညီ အချုပ်သားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ရရှိမှု ရှိမရှိ မေးမြန်းပြီ လုပ်အပ်တာတွေကို ရဲစခန်းနဲ့ တရားရုံးမှ တာဝန်ရှိသူတွေ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ပေးသွာမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ရဲအရာရှိကပြောပါတယ်။ ရေးမြို့မရဲစခန်းမှ အချုပ်တရားခံ ကျားမပေါင်း အယောက် ၆၀ ထဲမှ မူးယစ်ဆေးဝါး နဲ့ သက်ဆိုင်တဲ့ အချုပ်သားက ၃၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024