ဥတ္တရသီရိမြို့တွင် မြေငလျင်လှုပ်
DVB
·
December 12, 2019
နေပြည်တော်၊ ဥတ္တရသီရိမြို့မှာ ဒီနေ့မနက်ပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၁၀ မိနစ်၊ ၁၉ စက္ကန့် အချိန်က နေပြည်တော်၊ ဥတ္တရသီရိရဲ့ အနောက်-အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၈၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၄ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။