အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဖြူးမြို့နယ်က အမျိုးသမီးများ ဆုတောင်းပွဲပြုလုပ်
DVB
·
December 12, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ နိုင်ငံတော်အကျိုးစီးပွားကာကွယ်ဖို့အတွက် သွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစေဖို့နဲ့ လုပ်ငန်းဆောင်ရွက်တာတွေ အောင်မြင်စေဖို့ ရည်ရွယ်ပြီး ဖြူးမြို့ မဟာပုညမုနိဘုရားကြီးမှာ မြို့နယ်အတွင်းရှိအမျိုးသမီးတွေက ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါဆုတောင်းပွဲ မဟာပုညမုနိဘုရားကြီးရဲ့ အင်္ဂါထောင့်မှာ အမျိုးသမီး ၅၀ ကျော်က မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိတ်ရွတ်ဖတ်တာ၊ ဆုတောင်းမေတ္တာပို့သတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
သတင်း- ကျော်အောင် (ကညွတ်ကွင်း)