ICJ တရားရုံးတွင် ရှေ့နေ ခရစ္စတိုဖာစတိတ်ကာ၏ ထွက်ဆိုချက်
DVB
·
December 11, 2019

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံဘက်ကနေ လျှောက်လဲသွားတဲ့ ရှေ့နေ ခရစ္စတိုဖာစတိတ်ကာရဲ့ ထွက်ဆိုချက်တွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
-ဂမ်ဘီယာက အိုအိုင်စီကိုယ်စား တင်သွင်းခြင်းဖြစ်တယ်။ အိုအိုင်စီရဲ့တိုက်တွန်းမှုကြောင့် တင်သွင်းတာဖြစ်တယ်။ ဒီနှစ်မတ်လမှာ စတင်ပြီးတော့ ဩဂုတ်က စတင်တင်သွင်းတယ်၊ နိုဝင်ဘာ ၁၁ ရက်ကျမှ မြန်မာနိုင်ငံကို စတင်တရားစွဲတာဖြစ်တယ်။
-လူသားချင်းစာနာမှု နိုင်ငံတကာဥပဒေနဲ့ တရားမျှတမှုသွားဖို့ဖြစ်တယ်၊ ကာကွယ်မှုကို သွားမှာ ဖြစ်တယ်။ ကျူးလွန်မှုသွားမယ်လို့ ဖော်ပြတာ မရှိပါဘူး။ ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်၊ ပြောင်းရွှေ့ခံရတယ်၊ လူမျိုးစုအလိုက် ရှင်းလင်းခြင်း ဆိုတဲ့စကားလုံးကို သုံးသွားတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ထားခြင်းမရှိဘူး။ ဂမ်ဘီယာက ကုလသမဂ္ဂညီလာခံမှာ ရာဇဝတ်မှု လို့ပဲ သုံးသွားတယ်။ ဂျီနိုဆိုက်ဆိုတဲ့ စကားလုံး သုံးသွားတာမရှိပါဘူး။ မြန်မာနိုင်ငံကိုဥပဒေအရ အရေးယူမယ်ဆိုတဲ့ကိစ္စကို ဖော်ပြတယ်။ ရိုဟင်ဂျာအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ရာဇဝတ်လမ်းကြောင်းအတိုင်းသွားဖို့ ပြောတယ်။ အိုင်စီစီကိုပဲသွားမယ် အိုင်စီဂျေကို မသွားသေးပါဘူး။
-ဇူလိုင် ၆ ရက်နေ့မှာ ဂမ်ဘီယာရဲ့တရားရုံးလုပ်ဆောင်ချက်တွေက လွှတ်တော်ကလည်း အသိအမှတ်ပြုပါတယ်။ ဂမ်ဘီယာက ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး ဖော်ပြချက်တွေရှိလာတယ်။ ဒါပေမဲ့ ဖော်ပြချက်အတိအကျကို ဖော်ပြထားတာမရှိဘူး။ အိုအိုင်စီ အတွင်းရေးမှူးရဲ့ ရန်ပုံငွေနဲ့ သွားတာ ဖြစ်တယ်။
-ဒီလုပ်ငန်းစဉ်တွေကို အိုအိုင်စီကိုယ်စား ဂမ်ဘီယာ ဒုသမ္မတက ပြောခဲ့ပါတယ်။ အိုအိုင်စီကိုယ်စား ဒီအမှုတွဲက ဒီကိုရောက်လာခြင်းဖြစ်ပါတယ်။ အိုင်စီဂျေကိုတင်သွင်းလာတယ်။ အိုအိုင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ရောက်ရှိလာတာဖြစ်တယ်။ ဂမ်ဘီယာက ဂျီနိုဆိုက် ကွမ်ဗန်ရှင်း အဖွဲ့ဝင်အနေနဲ့ မဟုတ်ဘဲ အိုအိုင်စီကိုယ်စားဖြစ်နေတယ်။ အိုအိုင်စီကနေ ရန်ပုံငွေထောက်ပံ့ထားလို့ တင်သွင်းလာ တယ်။ တရားရုံးကိုတင်သွင်းမယ်ဆိုရင် ဒါက အိုအိုင်စီဖြစ်နေတယ်။ ဂျီနိုစိုက် ကွန်ဗန်ရှင်းမှာ မြန်မာက ချိုးဖောက်တယ်ဆိုတဲ့ဟာက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ မြန်မာနိုင်ငံသည် တာဝန်ရှိသည် ဆိုတဲ့ဟာကို သုံးသပ်ချက်ရဖို့အတွက် ဘာကိုမှဖော်ပြမထားဘူး။
-ဂမ်ဘီယာက တကယ်ပဲ မြန်မာနိုင်ငံနဲ့အငြင်းပွားမှုရှိမယ်၊ မတ်လ FFM ရီပို့မှာ မြန်မာကို ဘာလို့ နို့တစ်မပေးတာလဲ။ အဲတော့ အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ဆက်ပြီးတော့မှ ဆက်သွားဖို့ မသင့်တော့ပါဘူးလို့ ပြောချင်ပါတယ်။
-မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့အတွက်ကြောင့် တာဝန်ရှိ ပါတယ်။ ဘဂ်လားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံက သဘောတူညီမှုမရှိဘဲ ဒီကိစ္စကို တရားရုံးမှာ ဖြေရှင်းလို့မရပါဘူး။ အိမ်နီးချင်းနိုင်ငံအနေနဲ့လည်း မြန်မာက သဘောမတူရင် တရားရုံးသွားလို့ မရပါဘူး။ ဂမ်ဘီယာက လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ဆက်စပ်မှုမရှိပါဘူး။ သက်ရောက်မှုမရှိတဲ့အတွက် နိုင်ငံတကာဥပဒေအရ အရေးယူဖို့ မဖြစ်နိုင်ပါဘူး။
-တခြားဂျီနိုဆိုက် ကွန်ဗန်းရှင်းအရ တရားရုံးကို တင်သွင်းတဲ့ကိစ္စမျိုးဆိုရင် သက်ဆိုင်တဲ့ နိုင်ငံတွေကသာ တင်သွင်းလို့ရပါတယ်။ ဂျီနိုဆိုက် ကွန်ဗန်ရှင်းမှာတော့ မည်သည့်နိုင်ငံကိုမဆို တရားရုံးကို တင်သွင်းချင်တယ်ဆိုရင် အရင်ဆွေးနွေးရမှာဖြစ်တယ်။ နှစ်ဖက်နိုင်ငံ အခွင့်အရေးနဲ့လည်း တိုက်ဆိုင်ပါတယ်။ မြန်မာအနေနဲ့ ပုဒ်မ ၈ အရ သွားတာဖြစ်တယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ဂျီနိုဆိုက်ပြုလုပ်ပြီဆိုရင်တော့ တင်သွင်းလို့ရပါတယ်။ မြန်မာအနေနဲ့က ပုဒ်မ ၈ ကို မသက်ရောက်ပါဘူး။