Home
မြန်မာသတင်း
ICJ တရားရုံးရှေ့၌ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လာရောက်ဝန်းရံအားပေးကြသည့် မြန်မာလူထုအသံ 
DVB
·
December 11, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  အားပေးထောက်ခံတဲ့ အနေနဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပက မြန်မာလူထုတွေက နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရှေ့ကို လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဒီအထဲက မြန်မာတချို့ရဲ့ သဘောထားအမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။  ဂျာမနီက လာရောက်သည့် မြန်မာ ၁ ဦး “ဒါကတော့ ကျနော်တို့မြန်မာနိုင်ငံ မြန်မာလူမျိုးတယောက်အနေနဲ့တော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုလာပြီးတော့ ထောက်ခံတာပေါ့။ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံကို ကျူးကျော်တဲ့ ဟာကတော့ လက်မခံဘူးဗျ။”  “သိထားတာကတော့ ရိုဟင်ဂျာဆိုတာ ကျနော်တို့ တိုင်းပြည်မှာ မရှိပါဘူး။ တိုင်းရင်းသားလူမျိုးထဲမှာလည်း မပါပါဘူး။ ကျနော်တို့ခေါ်တာကတော့ ဘင်္ဂါလီပဲခေါ်တာပါ။ ရိုဟင်ဂျာဆိုတာ ကျနော်တို့လူမျိုးကြားထဲမှာ လုံး၀မရှိပါဘူး” “မျှော်လင့်တာကတော့ အမေစုနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့သည် မဟုတ်တာ မလုပ်တဲ့အတွက် မျှော်လင့်တာကတော့ တရားတာကို တရားတာ ပေါ်ပေါက်ပြီးတော့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်”။ “ပြောချင်တာကတော့ ဒါ သူတို့ဆုံးဖြတ်ချက်ကတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်မယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်ဗျ”  နော်ဝေက လာရောက်သည့် မြန်မာ ၁ ဦး  “ဘယ်လိုခံစားရလဲဆိုတော့ ဒါအင်မတန်ကောင်းတဲ့ issue ပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒါကလုံး၀မှားနေတယ်။ သိအောင်ချပြဖို့ စင်မြင့်တခုပဲ၊ ဒီစင်မြင့်ကနေ  ဒေါ်အောင်ဆန်းစုကြည်ဟာ ရှင်းရှင်းပြောရရင် ကမ္ဘာကို အမှန်တရားကို ဖော်ပြမှာဖြစ်တယ်။ ရလဒ်ကို ကျနော်တို့ ကြိုတင်ပြောဖို့ ခက်တယ်။ နောက်တချက်က ကျနော်တို့ ဗမာပြည်က မီဒီယာတွေက ကမ္ဘာကို ဖြစ်စဉ်တွေ အမှန်တရားတွေ ကမ္ဘာကို မရောက်ဘူး။ ဗမာပြည်ရဲ့ လက်ရှိအခြေအနေက ၂၀၀၈ အခြေခံဥပဒေ  ဘောင်ထဲက သွားနေတဲ့ ဒီအစိုးရကို ရှင်းရှင်းပြောရင် ကမ္ဘာက မသိဘူး”   ဂျပန်ကလာရောက်သည့်  မြန်မာ အမျိုးသမီး ၁  ဦး “ဒီနေ့ အမေစုကိုဝန်းရံဖို့အတွက်ပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဝန်းရံတာပါ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရပါဘူး။ အမှန်အတိုင်းဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်တယ်။ မလာဘဲ မနေနိုင်ဘူး၊ ဒီသတင်းသိတာနဲ့ ချက်ချင်းကို ခရီးစဉ်ဆွဲပြီးတော့ လာတာ။” ရန်ကုန်မှလာသော လူငယ် ၁ ဦး “ရန်ကုန်ကလာတာပါခင်ဗျ။  ကိုယ့်နိုင်ငံဆိုတော့ကာ အမေ့ဘက်က ရပ်တည်ဖို့ပါပဲ ခင်ဗျ။ ကျနော်ကတော့ အမေစုရယ်၊ နိုင်ငံအတွက်ရယ် ကိုယ့်လူမျိုးရယ်ထောက်ခံဖို့ပါ ကျန်တာတော့ ဘာမှမရှိပါဘူး။” ရန်ကုန်သူတဦး “ဒေါ်စုက တိုင်းပြည်ရဲ့တာဝန်ကိုလာပြီးတော့ ဆောင်ရွက်နေတဲ့အချိန်မှာ ကိုယ်က ပြည်သူ တယောက်အနေနဲ့ ပါဝင်သင့်တယ်လို့ ယူဆလို့ပါ။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားအတွက်တော့ စိုးရိမ်မှုတွေ ရှိပါတယ်။ မြန်မာပြည်သူတယောက်အနေနဲ့ အမှန်တရား ပေါ်ပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားသူတယောက်အဖြစ် မြင်ပါတယ်။ အကောင်းဆုံးရလဒ် ထွက်ပေါ်မယ်လို့ ထင်ပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024