လူကုန်ကူးအန္တရာယ် အသိပေးလှုံ့ဆော် တကိုယ်တော် ဆန္ဒထုတ်ဖော်
သူဇာလင်း
·
December 11, 2019
“ပင်လယ်ပြင် ငါးဖမ်းကျားဖောင် ငရဲလမ်းမှအပြန်” လို့ရေးသားထားတဲ့ ပိုစတာကို ကိုင်ဆောင်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ လူကုန်ကူးတာ မခံရအောင် အသိပေးလှုံ့ဆော်တဲ့ ဆန္ဒထုတ်ဖော်ပွဲကိုတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမိုးသူက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ လူကုန်ကူးခံရမယ့် အန္တရာယ်ကနေ သတိထားကြဖို့ ကြွေးကြော်သံ တွေ ဟစ်ကြွေးပြီး လမ်းမတော်မြို့နယ်၊ ၉ လမ်းထိပ်ကနေ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကနေ ယုဇနပလာဇာအထိ ၂ နာရီအကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့အနေနဲ့လည်း လူကုန်ကူးမှုတွေကို ထိရောက်စွာအရေးယူနိုင်ဖို့ ကျားဖောင်တွေဆီအရောက်သွားပြီး လူကုန်ကူးမှု တွေကို ထိရောက်စွာအရေးယူဖို့ အကြံပြုတိုက်တွန်းခဲ့ပါသေးတယ်။