Home
မြန်မာသတင်း
ရန်ကုန်နှင့်စစ်တွေမြို့တို့တွင် ကျပ်သိန်းပေါင်း ၇ သိန်းကျော်ဖိုး မူးယစ်ဆေးများ ဖမ်းမိ
DVB
·
December 11, 2019
79146801_3782839181741668_6346968976286810112_n
80034816_3782839178408335_256585173078900736_n
ရန်ကုန်နဲ့ စစ်တွေမြို့တို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က အိုက်စ်နဲ့ စိတ်ကြွဆေးပြားတွေ အများအပြားဖမ်းမိခဲ့ပြီး ပိုင်ရှင်ကိုတော့ မသိရသေးဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ညနေ ၆ နာရီအချိန်က လှိုင်မြို့နယ်၊ ပါရမီမီးပွိုင့်နားမှာ Chevrolet ကားတစီး မသင်္ကာဖွယ် ရပ်တန့်ထားတဲ့ သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကားရဲ့ ခေါင်းနဲ့နဲ့ နောက်ခန်းမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ Guanyinwang စာတမ်းပါ အထုပ် ၄၆၅ ထုပ် (ICE ၆၆၆ ကီလို၊ တန်ဖိုး ကျပ်သိန်းပေါင်း ၅ သိန်းကျော်) ကို ပိုင်ရှင်စိစစ်ဆဲအနေနဲ့ သိမ်ဆည်းရမိတယ်လို့ ဆိုပါတယ်။ မနေ့က ညနေ ၆ နာရီလောက်မှာပဲ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ ရေချမ်းပြင်ကနေ အငူမော်ကို ထွက်ခွာဖို့ လုပ်နေတဲ့ ဇက်ရေယာဉ်ပေါ်ကိုတင်မယ့် Toyota Harrier ကားကို စစ်ဆေး ရှာဖွေဖို့ ယာဉ်မောင်းကို ခေါ်ခဲ့ပါတယ်။ ယာဉ်မောင်းရောက်မလာဘဲ ရှောင်တိမ်းသွားတာကြောင့် အဲဒီကားကို စစ်ဆေးရှာဖွေရာမှာ ယာဉ်မောင်းသူရဲ့ ထိုင်ခုံရှေ့နဲ့ နောက်ထိုင်ခုံထဲမှာ ဆီစိမ်စက္ကူနဲ့ ထုပ်ထားတဲ့ WY စိတ်ကြွဆေးပြား ၃၅ ထုပ်ကို တွေ့ရပါတယ်။ အသေးစိတ် စစ်ဆေးရာမှာတော့ ကားရဲ့ ဝမ်းဗိုက်ကြမ်းခင် အံဝှက်ထဲကနေ WY စိတ်ကြွဆေးပြားထုပ် ၁၅ ထုပ်ကို ထပ်တွေ့ရလို့ စုစုပေါင်း အထုပ် ၅၀  (၄၇၅၀၀၀ ပြား၊ တန်ဖိုး ကျပ်သိန်းပေါင်း ၁ သိန်းခွဲလောက်) ကို သိမ်းဆည်းရမိပြီး ပိုင်ရှင်(စိစစ်ဆဲ)ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024