ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ရခိုင်ပြည်နယ်တွင် ထောက်ခံပွဲပြုလုပ်
DVB
·
December 10, 2019
အိုင်စီဂျေမှာ မြန်မာနို်ငငံကိုယ်စား တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ထောက်ခံပွဲကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
သံတွဲမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက "ကျနော်တို့ အခုလို ထောက်ခံပွဲပြုလုပ်ရတာက မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို မထိခိုက်ရအောင်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ထောက်ခံကြောင်းကို ပြသတာ" လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝိုင်းရံကြ၊ ပြည်သူလူထုအကျိုးစီးပွား မထိခိုက်ရအောင် ကာကွယ်ကြ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ပြီး ထောက်ခံပွဲကို သံမြို့ရှိ ပြည်သူ ၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
အလားတူ ရခိုင်ပြည် တောင်ကုတ်မြို့မှာလည်း ICJ အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
သတင်း - ကောင်းကောင်း