Home
မြန်မာသတင်း
ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
DVB
·
December 10, 2019
16939634_382588698790010_4907630909591331312_n
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက  အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ ဦးတိုက်လျောက်ထားတဲ့  Provisional Measures ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန် အချက် ၅ ချက်ကို  စီလျော်သလို ဘာသာပြန်ဖော်ပြအပ်ပါတယ်။    (၁)။ မြန်မာနို်ငငံအနေဖြင့်လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် ( ဒီဇင်ဘာ၊ ၉ ၊  ၁၉၄၈)အား လိုက်နာလုပ်ဆောင်ရမည့် တာဝန်အရ လူမျိုးသုဉ်းသတ်ဖြတ်မှုရာဇဝတ်မှုကို ဖြစ်စေသည့် လုပ်ဆောင်ချက်များအားလုံးကို တားဆီးရန် လုပ်ပိုင်ခွင့်အာဏာအတွင်းမှအရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန်။ အောက်ပါ လုပ်ရပ်များဖြစ်သည့် ရိုဟင်ဂျာအုပ်စုဝင်များအပေါ်ဥပဒေမဲ့သတ်ဖြတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု၊ မုဒိမ်းကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်များနှင့် ကျေးရွာများကိုမီးရှို့မှု၊ မြေယာနှင့် ခြံမွေးတိရစ္ဆာန်များကိုဖျက်ဆီးမှု၊ စားနပ်ရိက္ခာနှင့် အသက်ရှင်ရန် လိုအပ်သည့် ပစ္စည်းများကို ယူငင်မှု၊ ရိုဟင်ဂျာအုပ်စုတခုလုံးသို့မဟုတ်  တစိတ်တပိုင်းကို ရုပ်ပိုင်းဆိုင်ရာပျက်စီး ဒုက္ခရောက်သည့် ဘဝအခြေအနေရောက်စေရန် တမင်ရည်ရွယ် လုပ်ဆောင်မှုများအားလုံးကို တားဆီးပေးရန်အတွက် လိုအပ်သည်များကိုအမြန်ဆုံးဆောင်ရွက်ရန်။  (၂)။  မြန်မာနိုင်ငံအနေဖြင့် အထူးသဖြင့် တပ်မတော်၊ ပြည်သူ့စစ် သို့မဟုတ် တပ်မတော်ကို တိုက်ရိုက်ပံ့ပိုးပေးနေသည့် အမြဲတမ်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များသာမက တပ်မတော်က ထိန်းချုပ်၊ ညွန်ကြား၊ လွှမ်းမိုးထားသည့် မည်သည့် အဖွဲ့အစည်းများနှင့်  လူပုဂ္ဂိုလ်များ မဆို လူမျိုးသုဉ်းသတ်ဖြတ်ခြင်း၊လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်ခြင်း၊ လူအများကိုလှုံ့ဆော်ခြင်းနှင့် ပါဝင်အားပေးကူညီခြင်းများမကျူးလွန်စေရေး အသေအချာဆောင်ရွက်ရန်။ ရိုဟင်ဂျာအုပ်စု အပေါ် ဥပဒေမဲ့ သတ်ဖြတ်မှု၊ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ညှင်းပန်းမှု၊မုဒိန်းကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်များနှင့် ကျေးရွာများကိုမီးရှို့မှု၊ မြေယာနှင့် ခြံမွေးတိရစ္ဆာန်များကို ဖျက်ဆီးမှု၊ စားနပ်ရိက္ခာနှင့်အသက်ရှင်ရန်လိုအပ်သည့်ပစ္စည်းများကို ယူငင်မှု၊ ရိုဟင်ဂျာအုပ်စုတခုလုံး သို့မဟုတ်  တစိတ်တပိုင်းကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီး ဒုက္ခရောက်သည့်ဘဝအခြေအနေရောက်စေရန် တမင်ရည်ရွယ်လုပ်ဆောင်မှုအားလုံးကို တားဆီးပေးရန်အတွက် လိုအပ်များကို အမြန်ဆုံး ဆောင်ရွက်ရန်။  (၃)။ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခံခဲ့ရသည့် ကျန်ရှိ ရိုဟင်ဂျာအုပ်စု ဝင်များအပါအဝင် တရားရုံးသို့ ဦးတိုက်လျောက်ထားရာတွင်ဖော်ပြထားသည့် ဖြစ်ရပ်များနှင့် သက်ဆိုင်သည့်မည်သည့် သက်သေ အထောက်အထားကိုမျှ  ဖျက်ဆီးခြင်း သို့မဟုတ် သက်သေအထောက်အထားများကို ရယူခွင့်မရအောင် ပိတ်ပင်တားမြစ်ခြင်းမပြုလုပ်ရန်။ ထို့အပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟုစွပ်စွဲခံရသည့်နေရာများကို ပြောင်းလဲပြင်ဆင်ခြင်း၊ သက်သေများကို ဖျက်ဆီးခြင်းနှင့် အထောက်အထားများကို  မရနိုင်အောင် တားမြစ်ခြင်းများ မပြုလုပ်ရန်။   (၄)။ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့အနေဖြင့်ဦးတိုက်လျှောက်ထားချက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှမလုပ်ကြရန်နှင့် လက်ရှိအငြင်းပွားမှုအား ပိုမိုဆိုးရွား၊ ကြီးထွားစေရန်သို့မဟုတ် ဖြေရှင်းရပိုမိုခက်ခဲစေရန်  မပြုလုပ်ကြရန်။  (၅) မြန်မာနို်ငငံနှင့် ဂမ်ဘီယာနိုင်ငံတို့အနေဖြင့် ယခုပန်ကြားထားသည့် အရေးပေါ် လတ်တလော လုပ်ဆောင်ရမည့်ကိစ္စများနှင့် စပ်လျဉ်းပြီး  အမိန့် ထုတ်ပြန်သည့်နေ့မှစ၍ အချိန် ၄ လထက် မနောက်မကျစေဘဲ တရားရုံးသို့ အစီရင်ခံစာ တစောင်စီ တင်သွင်းကြရန်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024