သာစည်မြို့နယ် စစ်ဆေးရေးဂိတ်တွင် အမျိုးသမီးတဦးထံမှ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
December 10, 2019
မန္တလေးတိုင်း၊ သာစည်မြို့နယ် တောင်ကြီး-မိတ္ထီလာကားလမ်း ကျွဲတပ်ဆုံရွာအနီး အိတ်စရေးစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၉ ရက်ညနေက ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီး ၁ ဦးထံကနေ စိတ်ကြွဆေးပြား ၉၇၆၀ ပြား ဖမ်းဆီးမိတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ကျွဲတပ်ဆုံ အိပ်စရေး စစ်ရေးဂိတ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးပါတယ်။ ကွင်းဆက်တရားခံတွေ စုံးစမ်းစစ်ဆေးနေပါတယ်၊ အလေးချိန် ၉၇၆ ဂရမ် ရှိပါတယ်၊ ကာလတန်ဖိုး သိန်း ၂၉၀ ကျော် သတ်မှတ်ထားတယ်" လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ အိန္နဲအုပ်စု ကော့ဝုန်းရွာနေ ဒေါ်ခြည်မူး ထိုင်ခုံအောက်ရှိ လက်ဆွဲအိတ်ထဲက စိတိကြွးဆေးပြား ၉၇၆၀ ပြား ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
သာစည်မြို့မရဲစခန်းက ဒေါ်ခြည်မူးအား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော စိတ်ကြွဆေးမျာအား ရောင်းချရန်/သယ်ဆောင်/လွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း