Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသားကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ကျားဖောင်ဦးစီး လေဖြတ်ပြီးသေဆုံး
စိုးမိုးအောင်
·
December 10, 2019
79512405_2394247900791885_77169932265062400_o
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာက ပင်လယ်ကျားဖောင်လုပ်ငန်းမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖောင်ဦးစီး ဦးကျော်အောင် လေဖြတ်ပြီး သေဆုံးသွားပါတယ်။ ဖောင်ဦးစီး ဦးကျော်အောင်ဟာ ဒီဇင်ဘာ ၈ ရက် မနက်၅ နာရီက ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် သေဆုံးသွားတာဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ ဌာနဆိုင်ရာအရာရှိ တဦးက ဒီဗွီဘီကို  အတည်ပြုပြောပါတယ်။ လူကုန်ကုန်းခံရတဲ့ ကိုမြတ်သူရထွန်းကို ကျားဖောင် လုပ်ငန်းခွင်မှာ  ညှဉ်းပန်းနှိပ်စက်ခဲ့တာ ကြောင့် ဖောင်ဦးစီး ဦးကျော်အောင်ကို နိုဝင်ဘာလကုန်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ၊ ကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်တွေမှာ လူပွဲစားတွေကတဆင့်ရောင်းစားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့မှုမှာ  ပါဝင်ပတ်သက်သူ ၁၉ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024