နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ သရက်မြို့တွင် ကျင်းပ
DVB
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာကို ဦးဆောင်ရင်ဆိုင်ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို မကွေးတိုင်းဒေသကြီး သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီက ကျင်းပခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ စည်ပင်ဝန်ကြီးဦးဇော်မင်း၊ အရှိူချင်းတိုင်ရင်းသားများနှင့်ပြည်သူများအင်အား ၁၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
ပေးပို့သူ-ဘဦး