Homeမြန်မာသတင်း
ရေးမြို့နယ်တွင် တနှစ်အတွင်း အမျိုးသမီးလိင်အကြမ်းဖက်အဓမ္မပြုကျင့်ခံရ မှု ၁၈ မှုဖြစ်ပွား
ရေးမြို့နယ်တွင် တနှစ်အတွင်း အမျိုးသမီးလိင်အကြမ်းဖက်အဓမ္မပြုကျင့်ခံရ မှု ၁၈ မှုဖြစ်ပွား
DVB
·
December 10, 2019

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးလိင်အကြမ်းဖက် အတင်းအဓမ္မ ပြုကျင့်စော်ကားခံရမှုပေါင်း ၁၈ မှုအထိ ဖြစ်ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းသိရပါတယ်။
အမျိုးသမီး လိင်အကြမ်းဖက်စော်ကားခံရမှုထဲမှာ အမျိုးသမီးသက်ငယ်မုဒိမ်းမှုက ၁၀ အထိ ဖြစ်ပွားခဲ့ပြီး အသတ်ခံရတဲ့အမျိုးသမီးငယ်အမှု ၁ မှုရှိနေသလို ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေကိုလည်း တရားစွဲဆိုထားပြီး အမြင့်ဆုံး ပြစ်ဒဏ်ကျခံရဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအများစုဟာ ပတ်၀န်းကျင်အနေအထားရ ယုံကြည်မှုကို အခွင့်ကောင်းယူခံခဲ့ကြရသလို ညစ်ညမ်းဗီဒီယိုကနေ လိင်စိတ်ပိုမိုစိတ်ကြွရာမှ အခုလို လိင်ပိုင်းစော်ကားခံရလာတာ ပိုမို တွေ့ရတယ်လို့ မှုခင်းရဲအရာရှိက ပြောပါတယ်။
အခုလို အမျိုးသမီး သက်ငယ်လိင်အကြမ်းဖက်ခံရမှုတွေ လျော့နည်းဖို့ရဲတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စာသင်ကျောင်းနဲ့ ပြည်သူလူထုအသိပညာပေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်မယ်လို့လည်း ရေးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
သတင်း - နေမျိုးထွဋ်