Homeမြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲ ပဲနွယ်ကုန်းမြို့၌ ကျင်းပ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲ ပဲနွယ်ကုန်းမြို့၌ ကျင်းပ
DVB
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ နိုင်ငံတော်အကျိုးစီးပွား ကာကွယ်ဖို့အတွက် သွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လူထု ထောက်ခံပွဲကို ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့မှာ ဒီနေ့မနက်က ပြုလုပ်ပါတယ်။
အဲ့ဒီထောက်ခံပွဲကို ပဲနွယ်ကုန်းမြို့ ပြည်တော်သာပန်းခြံမှစတင်ခဲ့ပြီး အိုင်စီဂျေအမှု အောင်မြင်ပါစေ၊ အမေစု ဦးဆောင်အဖွဲ့အား ထောက်ခံပါသည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေစတဲ့ ကြွေးကြော်သံတွေနဲ့ မြို့တွင်း စီတန်းလှည့်လယ်ကြ ပါတယ်။
အဆိုပါထောက်ခံပွဲကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ အပါအဝင် လူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)