ဒေးဗစ်ဘက်ခမ်း၏ အင်တာမိုင်ယာမီအသင်း နည်းပြသစ် ၂ ဦးကို ထပ်ချိတ်နေ

Photo : dailymail
၂၀၂၀-၂၀၂၁ မေဂျာလိဂ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီ အသင်းဟာ ဘယ်လ်ဂျီယံနည်းပြ မားတီးနက်ဇ်၊ ရေးဗားပလိတ်အသင်းက မာဆယ်လို ဂယ်လာဒိုတို့ကို ထပ်မံ ချိတ်ဆက်နေပါတယ်။  အင်တာမိုင်ယာမီအသင်းဟာ နည်းပြတာ၀န်ကို အာဆင်နယ် ဂန္ထ၀င် ပက်ထရစ်ဗီအဲရာကို ပေးအပ်ချင်ပေမယ့် ပြင်သစ်သားဘက်က လက်ရှိကလပ်ကိုသာ အာရုံစိုက်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပြင်သစ်လီဂူး၀မ်းနိုက်စ်အသင်းမှာ ၂၀၁၈ ခုနှစ်ကနည်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့သူ ဗီအဲရာ အနေနဲ့ နယူးယောက်စီးတီးအသင်းမှာလည်း နည်းပြပြုလုပ်ခဲ့ဖူးတာကြောင့် ဘက်ခမ်းနဲ့ တွဲဖက်ပိုင်ရှင် မက်စ်ညီနောင်က စိတ်၀င်စားနေတာ ဖြစ်ပါတယ်။  လတ်တလောမှာတော့ ဘက်ခမ်းအနေနဲ့ ၂၀၂၀ အတွင်း ပြီးစီးမယ့် လောခ့်ဟတ်ကွင်းကို ကွင်းဆင်းစစ်ဆေးနေသလို တဖက်မှာလည်း မကြာခင်ပြန်စတော့မယ့် မ‌ေဂျာလိဂ်မှာ အချိန်တိုအ တွင်း အောင်မြင်မှုရနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up