နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ
DVB
·
December 9, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ နိုင်ငံအတွက် ဦးဆောင် တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ လူထုထောက်ခံပွဲကို ဒီမနက်က ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့မှာ ကျင်းပပါတယ်။
အဲဒီထောက်ခံပွဲကို မြို့ပေါ်က ဘာသာပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပ ခဲ့တာဖြစ်ပြီး လူထုအလွှာပေါင်းစုံနဲ့ ပြည်သူ အင်အား ၁၀၀၀ လောက် တက်ရောက်ကြပါတယ်။