A d v e r t i s e m e n t With Us

ဝင်ငွေခွန် အများဆုံးဆောင်သူများထဲ ကယားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်တို့ ပါဝင်

ကယားပြည်နယ်က အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်တို့ဟာ ပြည်နယ်ရဲ့ ဝင်ငွေခွန် အများဆုံး ပေးဆောင်တဲ့စာရင်းမှာ ပါလာခဲ့ပါတယ်။ ၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်သူ ၅၀ စာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက အစိုးရ သတင်းစာတွေမှာ ကြေညာလိုက်တာဖြစ်ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက နံပါတ် ၃၀ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရ၊ တရားသူကြီးတွေထဲမှာတော့ လစာဝင်ငွေခွန် အမြင့်ဆုံး ပေးဆောင်ထားတာ ဖြစ်ပါတယ်။ သူ့နောက်မှာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စဉ်နံပါတ် ၃၁ ဖြစ်ပြီး ဝန်ကြီးတွေထဲမှာတော့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ပြီးတော့ လွှတ်တော်ဒုဥက္ကဋ္ဌက နံပါတ် ၄၄၊ တရားသူကြီးချုပ်က ၄၅၊ ဥပဒေချုပ်က ၄၆ ဖြစ်ပြီး ပြည်နယ်စာရင်းစစ်ချုပ်က ၅၀ ဖြစ်ပြီး ဒီထဲမှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး တယောက်ပဲ ပါမလာတာကို တွေ့ရပါတယ်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက “ဒီစာရင်းကို မသိသေးပါဘူး။ ဆောင်တာကတော့ အားလုံး ဆောင်ကြတာပဲ။ တချို့က သားသမီးထောက်ပံ့တာ စတဲ့ ကင်းလွတ်ခွင့်ရတာနည်းလို့ အခွန်ဆောင်ရတာ များနေတာ ဖြစ်မှာပါ။ အရင်ကတော့ အများဆုံးအခွန်ဆောင်သူတွေကို ဂုဏ်ပြုရာမှာ ဝန်ကြီးတွေ ပါခဲ့ဖူးတယ်” လို့ ပြောပါတယ်။ မနေ့ကတော့ ကချင်ပြည်နယ်က ဝင်ငွေခွန် အများဆုံး ပေးဆောင်သူတွေစာရင်းကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းရှင်တွေချည်း ပါခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up