မြန်မာနှင့် အိမ်နီးချင်း နှစ်နိုင်ငံရှိ လူမျိုးစုများ၏ ရိုးရာနေအိမ်ပြပွဲ ကျင်းပ
DVB
·
December 8, 2019
ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့မှာ ဒီဇင်ဘာ ၇ ရက်က စတင်ကျင်းပတဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နှစ်နိုင်ငံက လူမျိုးစုတွေရဲ့ ရိုးရာနေအိမ်ပြပွဲကို ၅ ရက် ကြာကျင်းပမယ်လို့ သိရပါတယ်။
အဲဒီပွဲမှာ မြန်မာ-ထိုင်း-လာအိုက လူမျိုးစုတွေရဲ့ လူနေမှုဓလေ့၊ ရိုးရာယဉ်ကျေးမှုနဲ့ နေထိုင်မှု ထုံးတမ်းစဉ်လာတွေကို ပြသနေတာဖြစ်ပြီ အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနသတင်းက ဆိုပါတယ်။
ပြပွဲအခမ်းအနားကိုတော့ မနေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ လာအိုနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ထိုင်းနိုင်ငံ မြို့တော်ဝန်နဲ့ မယ်ဆိုင်မြို့ပိုင်တို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာ-ထိုင်းပူးပေါင်းကျင်းပတဲ့ အဲဒီပွဲမှာ တိုင်းရင်းသားရိုးရာအိမ် ၁၀ လုံးစီ ပါဝင်ပြီး ဒါဟာ ၇ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။
အခုပြပွဲကိုတော့ မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Bird Hotelရှိရာ ၄ လမ်းဆုံ မီးပွိုင့်နားက လက်ဖက်ခြံထဲမှာ ကျင်းပနေတာပါ။
Photo : MOI Webportal Myanmar