အိန္ဒိယတွင် အဓမ္မပြုကျင့် မီးရှို့ခံရသည့် မိန်းကလေး ဆေးရုံတွင် သေဆုံး

Photo : REUTERS/Adnan Abidi
အိန္ဒိယမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်မှာ အဓမ္မပြုကျင့် မီးရှို့ခံရတဲ့ အသက် ၂၃ နှစ်အရွယ်  မိန်းကလေးဟာ ဒီဇင်ဘာလ ၆ ရက်က နယူးဒေလီ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆေးကုပေးနေတဲ့ ဆရာဝန်က ပြောခဲ့ပါတယ်။ အဲဒီမိန်းကလေးကို  အဓမ္မပြုကျင့်ခဲ့သူ အပါအဝင် လူ ၅ ယောက်က မီးရှို့ခဲ့တာပါ။ အဓမ္မပြုကျင့်တဲ့ ကိစ္စကို  မိန်းကလေးက ပြီးခဲ့တဲ့ မတ်လမှာ တိုင်ချက်ဖွင်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက် နေ့က တရားရုံးကို အသွား လမ်းမှာ လူတစုက သူ့ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာပဲ ဖြစ်ပါတယ်။   မီးရှို့ခံရတဲ့သူ့ကို အဲဒီနေ့ နှောင်းပိုင်းမှာ လေယာဉ်နဲ့ နယူးဒေလီမြို့ကို  ပို့ဆောင် ကုသပေးခဲ့ပါတယ်။   ဒါပေမဲ့ မိန်းကလေးဟာ နှလုံးရပ် သေဆုံးခဲ့တယ်လို့  နယူးဒေလီ ဆေးရုံဆရာဝန်က ပြောခဲ့ပါတယ်။   သေဆုံးသူ မိန်းကလေးရဲ့ ဖခင်ကို သူတို့က အမှုရုပ်သိမ်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူ့အနေနဲ့  ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူပေးစေလိုတယ်လို့  ပြောခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ‌၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဥတာပရာဒေ့ရှ် ရဲတပ်ဖွဲ့က  တွစ်တာမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up