A d v e r t i s e m e n t With Us

လပွတ္တာမြို့နယ်အတွင်း ဆိုလာပြားမှတဆင့် မီးလောင်၊ နေအိမ် ၁၉ လုံး ဆုံးရှုံး

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ကတ္တီပါကျေးရွာမှာ ဒီဇင်ဘာ ၆ ရက်မနက်ပိုင်းက နေအိမ်တခုမှာ တပ်ဆင်ထားတဲ့ ဆိုလာပြားကတဆင့် မီးလောင်ခဲ့ရာမှ နေအိမ် ၁၉ လုံး ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ လယ်ထဲကို စပါးအငှား သွားရိတ်နေတုန်း နေအိမ်မှာ လူ မရှိချိန် နေအိမ်ခေါင်မိုးပေါ်ရှိတဲ့ W.160 ၊W150 ရှိ ဆိုလာပြားကနေ  ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ကန်ဘက်ရဲစခန်းက သိရပါတယ်။ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂၄ စု၊ မီးဘေးသင့်ပြည်သူ ၁၁၅ ယောက်ရှိပြီး မီးဘေးသင့်ပြည်သူတွေထဲမှာ အခြေခံပညာ ကျောင်းသားကျောင်းသူ ၃၂ ဦး ပါတယ်လို့ ကတ္တီပါ ဘုန်း တော်ကြီးကျောင်းထိုင်ဆရာတော်ဆီက သိရပါတယ်။ လတ်တလောမှာတော့ မီးဘေးသင့်တွေကို ကတ္တီပါဘုန်းတော်ကြီးကျောင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ကူညီစောင့်ရှောက်ထားပါတယ်။ ကျော်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up