အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သတင်းစာ ရှင်းလင်း
DVB
·
December 7, 2019
ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကနေ ရရှိလာတဲ့ သတင်းအချက်အလက် သတင်းစာရှင်းလင်းပွဲကို နိုဗိုတယ်ဟိုတယ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
နေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။
နှီးနှောဖလှယ်ပွဲကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းရှိ ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ရဲ့ မိတ်ဖက်အဖွဲ့အစည်း ၇ ဖွဲ့၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့တို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
နူးရာ