Home
မြန်မာသတင်း
မောင်တောတွင် စိတ်ကြွဆေးပြား ၇ သိန်းကျော် သိမ်းဆည်းမိ
DVB
·
December 6, 2019
78929520_3765074113518175_8087039538486050816_n
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က စိတ်ကြွဆေးပြား ၇ သိန်းကျော် သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ ၇ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာအတွင်း ဝင်ရောက်ရှာဖွေရာ တောင်ကြောပေါ်ရှိ ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတဲ့ နူရ်မာမတ်ရဲ့ လူမနေသည့်နေအိမ်အတွင်းမှာ ဆာလာအိတ် ၄ အိတ်နဲ့ ထည့်တားတဲ့ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၇၂၁၅၀၀ ပြားအား ပိုင်ရှင် (စိစစ်ဆဲ) သိမ်းဆည်းမိဲခဲ့တာပါ။ မူးယစ်ဆေးဝါးများပိုင်ရှင် (စိစစ်ဆဲ)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024