Home
အနုပညာ
မြူးကြွတဲ့သီဆိုဟန်နဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မူးလာရဲ့‘အလွမ်းညဟေမာန်’ (ရုပ်သံ)
DVB
·
December 6, 2019
       “ညနေစောင်းကို စွန့်သွားတဲ့… နေရောင်နဲ့အတူပျောက်သွားတဲ့… အိုအချစ်ရယ် … မနက်ဖြန်ရဲ့ရောင်ခြည်ဦးနဲ့အတူ ပြန်လာမလားကွယ်”        ဒါကတော့ တချိန်က နာမည်ကြီးတေးသံရှင် ဖိုးချိုသီဆိုအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာ ပရိသတ်တွေက ပုံစံတမျိုးနဲ့ မြုးမြူးကြွကြွ ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ တေးရေး ကိုသက်(ကလောဂျီတီအိုင်)ရေးဖွဲ့ပေးထားပြီး ‘အလွမ်းည ဟေမာန်’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ပြိုင်ပွဲဝင်မူးလာက ခပ်မြူးမြူးတေးသွားသံစဉ်တွေ ကြား အစွမ်းပြယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။ “မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း… အမြဲတမ်းထာဝရ ဖွင့်လို့ထားပါ တယ်… အို.. ဟို..ဟို မင်းအတွက်ဆိုရင် အသည်းတံခါးကိုလည်း… အမြဲတမ်းထာဝရ ဖွင့် လို့ထားပါတယ်”        ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲမှာတော့ ဟေမာန်ဆောင်းအမှတ်တရသီချင်းတွေနဲ့အတူ ပြိုင်ပွဲဝင် Top Finalists ၆ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ အက်စတာ ဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အစွမ်းပြ ယှဉ်ပြိုင်ခဲ့ကြတာပါ။        ပုသိမ်မြို့မှ လာရောက်ယှဉ်ပြိုင်သူ မူးလာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် အငဲရဲ့ ‘အနိုင်နဲ့ပိုင်း’၊ ဒုတိယ သီတင်းပတ် Rock Week မှာတော့ နာမည်ကြီး ရော့ခ်ကာအဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ဒီလိုသေ ချာတယ်’ ၊ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံ ရှင်ဖိုးချိုရဲ့ ‘အဆောင်သရဲ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ဖူးတာမို့ ခုတခါကတော့ ဖိုးချိုသီချင်းနဲ့ ဒု တိယအကြိမ် သီဆိုယှဉ်ပြိုင်မှု ဖြစ်လာခဲ့ပါတယ်။ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ စတုတ္ထသီတင်းပတ်မှာတော့ မူးလာဟာ အဆိုတော် ရင်ဂိုရဲ့ နာမည်ကြီးသီချင်း ‘တောင်ပံပါရင် မင်းဆီကို’၊ ပဉ္စမမြောက်သီတင်းပတ် စိုးလွင်လွင် သီချင်းတွေနဲ့ညမှာတော့ ‘ကိုယ်ချစ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာနိုင်ခဲ့တာပါ။ ခုသီတင်းပတ်ရဲ့ ဟေမာန်ဆောင်းညသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရာမှာလည်း မူး လာက သူ့ရဲ့ ကိုယ်ပိုင်သီဆိုဟန်၊ စတိုင်အပြည့်နဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပါတယ်။ “ပုစဉ်းရင်ကွဲတွေ အော်နေကြတယ်… ကြားတော့ ကြားတယ် မမြင်နိုင်တယ်… မင်းအသံလေးတွေ ခေါ်နေကြတယ်… ကြားတော့ ကြားတယ် မမြင်နိုင်တယ်… ဘယ်ဆီ များပြေးပုန်းနေရက်တယ်… မကြင်သူ မရယ်… ချမ်းအေးတာလည်း မသိတော့ပါပဲ… လမ်းဘေးမှာပဲ လွမ်းတေး ဆိုနေမယ်… အို..ဟို..ဟို.ချမ်းအေးတာလည်း မသိတော့ပါပဲ… လမ်းဘေးမှာပဲ လွမ်းတေး ဆိုနေမယ်” သီဆိုယှဉ်ပြိုင်မှုသီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ ဒိုင် တွေထဲက တဉီးဖြစ်တဲ့ အောင်ကိုလတ်က ပျော်ပျော်နေတတ်တဲ့ စတိုင်နဲ့ မူးလာကို ခြ င်္သေ့တကောင်လိုပဲ။ You Rock The Night လို့ ချီးကျူးမှတ်ချက်ပေးခဲ့တာပါ။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၆ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရမလဲ ဆိုတာ ကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024