ကင်ဆာဝေဒနာရှင်ကလေးငယ်များအတွက် ရန်ပုံငွေရုပ်ရှင်-“ယူရီ”ရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
December 6, 2019

မျက်နှာသစ်လူငယ် ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ယူရီအ မည်ရတဲ့ ရန်ပုံငွေရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသဖို့ ရှိနေပါ တယ်။
ဒီကားကိုတော့ လူငယ်မျက်နှာသစ်ဒါရိုက်တာ အာဂသူရက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ ပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာပါ။
မတူညီကြတဲ့ ဘဝနှစ်ခုကြား သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကိုပေါင်းစပ်ပြီး ဆယ် ကျော်သက်လူငယ်သဘာဝ အခြေခံရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Marcel အောင်မျိုးဝင်း၊ ဝင်ဒီမြတ်ထက်ထွန်းတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး သရုပ် ဆောင်အလှမယ် မေမြတ်နိုးကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာ ဖြစ် ပါတယ်။
ကျိန်စာမိနေတဲ့ ဝိညာဉ်မလေး ယူရီနဲ့ ကြောင်တောင်တောင်ကောင်လေး ဟန့်ခ် တို့ ၂ ယောက်ကြားက ဆက်နွယ်နေတဲ့ ချစ်ခြင်းမေတ္တာ၊ သေခြင်းတရား၊ ခွဲခွာခြင်းစတဲ့ ခံစားမှုရသစုံနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရဲ့ မိတ်ဆက်ပွဲကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီရုပ်ရှင်ကားကို ၂ဝ၁၅ ခုနှစ်လောက်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ရန်ပုံ ငွေရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတာမို့ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာလည်း အခကြေးငွေမယူပဲ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရုံတင်ရာမှ ရရှိတဲ့ အကျိုးအမြတ်တွေ အားလုံးကိုတော့ ရန်ကုန်ဆေး ရုံကြီး သွေးနှင့်ကင်ဆာရောဂါဌာနမှ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ် တွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။