Home
မြန်မာသတင်း
ICJ တွင် တရားစွဲဆိုထားမှု ကန့်ကွက်ရှုတ်ချပွဲ ခန္တီးမြို့တွင် ကျင်းပ
Aung Ko Latt
·
December 5, 2019
79097754_1183467501858243_3370874721141784576_n
79086052_1183467461858247_2501369398204301312_o
78959534_1183467558524904_4495730044693381120_o
78789698_1183467531858240_7404144548785422336_o
78467072_1183467485191578_5473424034743975936_o
78275614_1183467438524916_7528585110153592832_n
ဂမ်ဘီယာနိုင်ငံကနေ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာအပေါ် တရားစွဲဆိုထားတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ဒီနေ့မနက် ကျင်းပခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ရပ်တည်ထောက်ခံပွဲကို မြို့ခံပြည်သူတချို့ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြတာလို့ ဦးဆောင်သူ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။ "ဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ မကြာခင်လည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီကိစ္စကို သွားရောက်ဖြေရှင်းမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်တာကို လက်ခံလို့မရဘူး။ နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ပြည်သူတွေရှိနေတယ်ဆိုတာကို ပြသကြဖို့ လိုတဲ့အတွက် ဒီပွဲကို ပြုလုပ်တာဖြစ်ပါတယ်။" ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲတွေကို ရန်ကုန်၊ မုံရွာ စတဲ့မြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ကြပြီး ခန္တီးအပြင် နောက်ထပ် တခြားသောမြို့တွေမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။  ခန္တီးမြို့ကပွဲမှာတော့ ခန္တီးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စတင်ကြားနာမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024