DVB Logo
Home
မြန်မာသတင်း
ICJ အရေး ရင်ဆိုင်ဖြေရှင်းမှု အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဟု အပစ်ရပ် ၁၀ ဖွဲ့ ထုတ်ပြန်
DVB
·
December 5, 2019
ICJ အရေး ရင်ဆိုင်ဖြေရှင်းမှု အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဟု အပစ်ရပ် ၁၀ ဖွဲ့ ထုတ်ပြန်
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို  ရင်ဆိုင်ဖြေရှင်းတာဟာ အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသတာဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်တာလို့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး အခုလို ထုတ်ပြန်လိုက်တာပါ။ 

မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာ ပဋိညာဉ် စာချုပ်စာတမ်း ကတိကဝတ် တွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ရေရှည် တည်တံ့ရေး ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငငံတကာအသိုင်းအဝန်းမှာ တိုင်းပြည်ရဲ့ ပုံရိပ်မြင့်မားလာမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

PPST အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ  ABSDF ဥက္ကဋ္ဌ ဦးသံခဲက ICJ နဲ့ ပတ်သက်တဲ့ သဘောထားကို ရှင်းလင်းရာမှာ “ကျနော်တို့ရဲ့သဘောထားကို ပြောပြရရင် အခု ICJ မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတာကို ကျနော်တို့ ရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်တယ်။ အဲဒါအစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ပြသပြီးတော့မှ အမှန်တရားနဲ့တရားမျှတမှုကို ဖော်ထုတ်ဖို့ဖြစ်တယ်လို့ ကျနော်တို့ယူဆတယ်။ အဲဒီအတွက် အခု ဒီလို တာဝန်ယူမှုတာဝန်ခံမှုဆိုတာ သမိုင်းတလျှောက်လုံးမှာ ကျနော်တို့တွေဟာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံနဲ့ ဖြေရှင်းကြတဲ့အထဲမှာ အမြင့်ဆုံးလည်းဖြစ်တယ်။ ဒီအပေါ်မှာ အစိုးရရဲ့ တာဝန်ခံမှုတာဝန်ယူမှုနဲ့အတူ အခုလိုမျိုးဖြေရှင်းဖို့ဆိုတာဟာ ဘာပဲပြောပြော ကျနော်တို့အတွက် အတွေ့အအကြုံသစ်ဖြစ်တာနဲ့အမျှ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့ပြောပါတယ်။ 

ဒါ့အပြင် PPST အစည်းအဝေးမှာ NCA-s EAOခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်အပေါ် အကန့်အသတ်၊ အတားအဆီးတွေနဲ့ ပတ်သက်ပြီး အန်စီအေစာချုပ်ပါ ပြဌာန်းချက်တွေနဲ့ ကွဲလွဲမှုရှိနေတာ၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် သက်ရောက်ရှိတွေ ရှိလာနိုင်တာကြောင့် ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဖြစ်ပွားမှုတွေအမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာသွားကြဖို့လည်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013