Home
မြန်မာသတင်း
မြစ်ဆုံရေကာတာ ရပ်တန့်ပေးရေး လှုပ်ရှားသည့် စက်ဘီးစီးအဖွဲ့ မြစ်ကြီးနားရောက်ရှိ
DVB
·
December 5, 2019
မြစ်ဆုံရေကာတာ ရပ်တန့်ပေးဖို့ လှုပ်ရှားတဲ့ we love irrawady ကမ်းပိန်း စက်ဘီးစီးအဖွဲ့ဟာ ဒီဇင်ဘာ ၄ ရက်က မြစ်ကြီးနားမြို့ကို ရောက်ရှိလာပါတယ်။ အဲဒီအဖွဲ့ဟာ မိုင် ၈၀၀ ကျော်ရှိတဲ့ ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်ကို ၁၀ ရက်ကြာ စက်ဘီးစီးကာ မြစ်ဆုံရေကာတာရပ်တန်ဖို့ လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။ အခုလို စက်ဘီးစီးကမ်းပိန်းအဖြစ် လုပ်ဆောင်ရတာဟာ ဧရာဝတီမြစ် ရေရှည်တည်တံ့ဖို့နဲ့ မြစ်ဆုံရေကာတာဆောက်လုပ်မှု ရပ်တန့်ပေးဖို့ဖြစ်တယ်လို့  ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကိုခွန်ဆိုင်းက ပြောပါတယ်။  အသက် ၁၃ နှစ်ကနေ ၇၂ နှစ် အရွယ်ထိ လူ ၁၆ ယောက်ပါတဲ့ Green bike  for green future စက်ဘီးစီးအဖွဲ့ဟာ ရန်ကုန်မြို့ကနေ နိုဝင်ဘာ ၂၅ ရက်က စတင်ထွက်ခွာခဲ့တာဖြစ်ပြီး ဧရာဝတီမြစ်ဆုံအထိ  မိုင်းပေါင်း ၈၈၀ ကျော်ကို ဆက်လက်စီးနင်းကြမှာပါ။  မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူတွေကန့်ကွက်ခဲ့လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာ ပြန်လုပ်ဖို့ စီစဉ်နေတဲ့အသံတွေ ထွက်ပေါ်လာ တာကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံအများစုက မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုတွေအပါအဝင် လှုပ်ရှားမှု အသီးသီးကို လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024