DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပညာသင်ဆု ပထမဆုံးအကြိမ် ချီးမြှင့်မည်
DVB
·
January 31, 2013
အန်အယ်လ်ဒီပညာသင်ဆု ပထမဆုံးအကြိမ် ချီးမြှင့်မည်
Donate to DVB

လာမယ့်စာသင်နှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကနေ ပထမဆုံးအကြိမ်အဖြစ် ပညာသင်ဆု ရွေးချယ်ချီးမြှင့်မယ်လို့ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပညာရေးကွန်ရက်က ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေက ရရှိခဲ့တဲ့ ငွေထဲက ငွေကျပ် သိန်း ၁၀၀၀ ကို ပညာသင်ဆုချီးမြှင့်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းအနှံ့က ကျောင်းသားနဲ့ ကျောင်းသူ ၅၆ ယောက်ကို ရွေးချယ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

[caption id="attachment_35978" align="alignleft" width="278" caption="ဒီဇင်ဘာလ ၂၇ ရက်နေ့က အန်အယ်လ်ဒီပညာရေးကွန်ယက် ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်"][/caption]

ပညာသင်ဆုပေးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပညာရေးကွန်ရက်ညှိနှိုင်းရေးမှူး ဒေါက်တာသိန်းလွင်က “ပညာသင်ဆု ပေးတဲ့ရည်ရွယ်ချက်ကတော့ ပညာသင်ရင်းနဲ့ အခက်အခဲဖြစ်သွားတဲ့ ကလေးတွေကို ထောက်ပံ့ဖို့ ရည်ရွယ်တာပါ။ သူတို့ရဲ့ ပညာရေးမှာ အခက်အခဲမဖြစ်အောင်။ ရွေးချယ်တဲ့နေရာမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ရွေးချယ်မယ်။ ဘယ်ဒေသပဲဖြစ်ဖြစ်၊  မိဘရဲ့နောက်ခံ ဘာပဲဖြစ်ဖြစ် ပညာကြိုးစားတယ် အခက်အခဲရှိတယ်ဆိုရင် ကျနော်တို့ ကူညီဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာပါ” လို့ ပြောပါတယ်။

ပညာသင်ဆုကို ငွေကြေးကူညီထောက်ပံ့တဲ့ ပုံစံမျိုးနဲ့ ပေးအပ်မှာဖြစ်ပါတယ်။ မူလတန်းကျောင်းသား ၁ ဦးကို လစဉ် ငွေကျပ် ၁၀၀၀၀၊ အလယ်တန်းကို ၁ လ ၂၀၀၀၀ ကျပ်၊ အထက်တန်းကျောင်းသား ၁ ဦး ၃၀၀၀၀ ကျပ်နဲ့ တက္ကသိုလ်အဆင့်ကို ၁ လ ကျပ် ၄၀၀၀၀ ပေးအပ်သွားမှာ ဖြစ်ပြီး၊ စာသင်နှစ် တနှစ်လုံး ပေးအပ်မှာလည်း ဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ အန်အယ်လ်ဒီမြို့နယ်ရုံးတွေနဲ့ ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ဆက်သွယ်လျှောက်ထားနိုင်ကြပြီး လျှောက်ထားသူတွေထဲက ပညာသင်ဆုပေးအပ်ဖို့ကိုတော့ ကွန်ရက်က ရွေးချယ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013