DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story သတင်း

ပြည်သူ့တိုင်ကြားစာများကို ကယားပြည်နယ် အစိုးရက ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဟုဆို

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
  • By နော်နိုရင်း
  • 3 December 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ကယားပြည်နယ်ကပြည်သူတွေ တိုင်ကြားထားတဲ့စာတွေကို  ပြည်နယ်အစိုးရက ဖြေရှင်း ဆောင်ရွက်ပေးထားတာ မရှိဘူးလို့ ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။

ပြည်နယ်တိုင်စာပစ်လေ့လာဆန်းစစ်ရေးအဖွဲ့အနေနဲ့  ၂၀၁၆ ခုနှစ်က စတင် ဖွဲ့စည်းပြီးနောက် ၂၀၁၉ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ သုံး နှစ်တာကာလအတွင်း တိုင်စာပေါင်း  ၃၈၅ စောင်ရရှိခဲ့ပြီး ၃၆၃ မှုကို စိစစ်ဆောင်ရွက်ပေးခဲ့ပါတယ်။

တိုင်စာပစ်လေ့လာဆန်းစစ်ရေးအဖွဲ့အနေနဲ့ စိစစ်ပြီး အကြံပြုချက်တွေကို အစိုးရဆီတင်ပြခဲ့ ပေမယ့် အစိုးရဘက်က  ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ ဦးမြင့်မောင်က ပြောပါတယ်။

“ကျနော်တို့တိုင်စာတွေ ၃၈၅ စောင် ရောက်တဲ့အထဲမှာ အစိုးရက ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ တော်တော်များများရှိပါတယ်။ ဥပမာ လွိုင်ကော်ဘူတာမြေကိစ္စ၊ ပညာရေးကောလိပ် မြေကိစ္စ၊ နောက် (စရဖတပ်မှူးဟောင်း မြေကိစ္စလိုမျိုးဆိုရင် အစိုးရက လုံးဝဒီနေ့ထိ တောင်သူတွေနဲ့ ကျေလည်အောင် ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက် အတိုင်း ဆောင်ရွက်ပေးထားတာမရှိပါဘူး။ ဒါ့အပြင် ပညာရေး ကောလိပ်မြေကိစ္စမျိုးဆိုရင် အစိုးရက အမှုပိတ်သိမ်းတယ်ဆိုပြီးတော့ လုပ်ထားတာရှိပါတယ်။”

ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ဆီ တိုင်လာတဲ့စာတွေ ထဲမှာ မြေယာပြဿနာနဲ့ အစိုးရဆီမှာ ကန်ထရိုက်ယူထားတဲ့ကုမ္ပဏီတွေက အလုပ်သမားတွေကို လုပ်အားခမပေးတဲ့ အမှုတွေက အများဆုံးဖြစ်ပြီး လွိုင်ကော်မြို့နယ်က တိုင်ကြားစာ အများဆုံးဖြစ်ပါတယ်။

မြေယာပြဿနာဆိုတဲ့နေရာမှာလည်း တပ်သိမ်းမြေကိစ္စနဲ့ တောင်သူအချင်းချင်း စိုက်ပျိုးမြေ ကိစ္စတွေ အများဆုံးတိုင်ကြားထားပေမယ့် ဖြေရှင်းဆောင်ရွက်ပေးနိုင်တာ မရှိဘူးလို့လည်း ဦးမြင့်မောင်က ဆိုပါတယ်။

“ကျနော်တို့ရဲ့ ကွင်းဆင်း စစ်ဆေးချက်အရ တောင်သူတွေမှာတချို့ တပ်သိမ်းမြေတွေမှာဆိုရင် တောင်သူတွေက တပ်နေရာဘယ်နားမှာ ရှိမှန်းလည်းမသိဘူး။ တချို့တောင်သူတွေက ပုံစံ ၇ ရရှိပြီးသားပေါ့နော်။ နောက်ပြီးတော့ အရင့်အရင်ကတည်းက တောင်သူတွေက သူတို့ရဲ့တပ်တွေမလာခင်ကတည်းက ဒီနေရာတွေကို စိုက်ပျိုးထားတာတွေ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ကျနော်တို့ကတော့ တွေ့ရှိချက်ကို အစိုးရကိုတင်ပြတာပဲရှိတယ်။ ကျနော်တို့အနေနဲ့က ဆုံးဖြတ်ပေးနိုင်တာ၊ ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ”

လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စရပ်တွေမှာ ၂၀၁၇ ခုနှစ်မှာ ၄၁ မှု၊ ၂၀၁၈ ခုနှစ်မှာ ၈၀မှုနဲ့ ၂၀၁၉ ခု နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ၉၇ မှု ရှိတယ်လို့ တိုင်စာပစ်စာလေ့လာ ဆန်းစစ်ရေးအဖွဲ့က သိရပါတယ်။

ဒါ့အပြင် လက်ရှိ တပ်သိမ်းမြေကိစ္စနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက မြေယာကိစ္စတွေမှာ အစောပိုင်းက တိုင်စာပစ်စာအဖွဲ့ကိုတိုင်ကြားလာတာရှိပြီး အဖွဲ့အနေနဲ့ ညှိနှိုင်းပေးခဲ့ပေမယ့် အဆင့်မပြေဘူးလို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့အနေနဲ့   တောင်သူတွေ အချင်းချင်းဖြစ်တဲ့ကိစ္စနဲ့ ငွေရေးကြေးရေးကိစ္စတွေကိုတော့ လွှတ်တော်အတွင်းမှာကိုပဲ နှစ်ဦးနှစ်ဖက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။ 

ကယားပြည်နယ်အတွင်းက ပြည်သူတွေ တိုင်ကြားပေးပို့လာတဲ့ ကိစ္စရပ်တွေကို ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ဖို့  ကယားပြည်နယ်လွှတ်တော်က တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီကို အဖွဲ့ဝင် ၂၄ ဦးနဲ့ ၂၀၁၆ ခု စက်တင်ဘာ ၃၀ ရက်က  ဖွဲ့စည်းခဲ့တာပါ။

Tags: ပြည်သူ့တိုင်ကြားစာများကို ကယားပြည်နယ် အစိုးရက ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဟုဆို

  • Previous story ICJ တရားရုံး မှန်ကန်မျှတမှုရှိရန် မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်ဌာနချုပ် တိုက်တွန်း
  • Next story ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး အညံ့ခံအရှုံးမပေးရန် ကုလအကြီးအကဲပြော
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 01 စပိန် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဆွီဒင်ဆယ်ကျော်သက် ပူးပေါင်း
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်
    • 04 ကတ်စနစ် တပ်ဆင်အသုံးပြုရန် YBS ကုမ္ပဏီ ၄ ခု သဘောတူလက်မှတ်ရေးထိုး
    • 05 နိုင်ငံအတွက် ခရစ်ယာန်ဘာသာဝင်များ အစာရှောင် ဆုတောင်း
    • 01 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 02 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 03 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 04 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
    • 05 နေပြည်တော်လေဆိပ်သို့ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.