DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံး မှန်ကန်မျှတမှုရှိရန် မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်ဌာနချုပ် တိုက်တွန်း
DVB
·
December 3, 2019
ICJ တရားရုံး မှန်ကန်မျှတမှုရှိရန် မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်ဌာနချုပ် တိုက်တွန်း
Donate to DVB

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးအနေနဲ့ အမှုစစ်ဆေးရာမှာ မှန်ကန်မျှတပြီး မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ဖြစ်ထွန်းလာစေလိုတယ်လို့ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်က ကြေညာပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်အရ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ တရားစွဲဆိုမှုကို တာဝန်သိစွာနဲ့ တုံ့ပြန်ဖြေရှင်းမှာ ဖြစ်တယ်လို့  နိုဝင်ဘာ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ 

ဒီအမှုနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ဖြေရှင်းဖို့ ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက်မှာ ဖြစ်ပြီး  တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စအပေါ်ထောက်ခံကြိုဆိုတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံအပေါ် အခုလို စွပ်စွဲပြောဆိုတရားစွဲတာက အားလုံးနဲ့ဆိုင်တာဖြစ်လို့ အစိုးရဖြေရှင်းမှာကိုထောက်ခံတာဖြစ်ပြီး အခုလိုထုတ်ပြန်ချက်က နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး မပါဘဲ အမျိုးသားရေးအရထုတ်ပြန်တာဖြစ်တယ်လို့ မ.အ.ဖ အဖွဲ့ချုပ် ဥက္ကဋ္ဌကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013